ခက်ဦး
ပွင့်ချပ်နုနုအသာလှပ်
ဖွဖွလေး ပြုံး
ရွေ့ရွေ့ ညင်ညင်
တည့်တည့်တိုး လျှောက်လာ
ပြာနုနုခြုံလွှာ
ပန်းသွေးရင့်နှင်းဆီ။
တခဏ
တိတ်ဆိတ်သံ ညံသွား
ထစ်ချုန်းပြောင်းဝတို့တဆတ်ဆတ်တုန်
နှလုံးသားတို့ခုံးရုန်းထ ဆူပွက်
ရှင်လျက်သေသူတို့ သေလျက်ပြန်ရှင်လာခိုက်
ချလှမ်းရာ ခြေရာတို့အောက်
မာန်ငြိုး ပြားပြားမှောက်ခဲ့ပေါ့။
ခက်ဦး
( ၂၄၊ ၁၊ ၂၀၁၂ )
( Beyond Rangoon အမှတ်တရ )
No comments:
Post a Comment