သစ်ပင်တွေ
အလျားလိုက်ရွေ့ရွေ့သွားနေကြတုန်းကပေါ့
ညက
နေ့ဟာသူ့ရဲ့ကိတ္တိမသားဖြစ်ကြောင်း
ကျမ်းရွက်လို့
ကမ်းတွေတရိပ်ရိပ်အစီးမှာ
မြစ်က
ဒေါင်းလိုက်တက်တယ်
ကြောင်လိမ်လှေကားထစ်တွေက
မျဉ်းမတ်ကိုကန့်လန့်မျိုချတာနဲ့ပဲ
သစ်ပင်ရဲ့ညတွေကမြစ်ကိုထူးခတ်ပြီး
လှော်သွားကြပါလေရော။
ဒီသစ်
( ပိတောက်ပွင့်သစ် ၊ ဇွန် ၊ ၂၀၀၈ )
No comments:
Post a Comment