ဒီသစ်
အမှားကို
မှားမှန်းသိပါတယ်
အမှန်ကို
မှန်မှန်းသိပါတယ်
အစာဖွက်ဖွက်ထားတက်လွန်းလို.
ပမာဒတွေ သွေးရိုးသားရိုးထက်
မြင့်မြင့်တက်လာတက်လေတော့။
လရောင်ထဲ
အရပ်တွေ ပိုပိုရှည်လာတာလား
မြက်ပင်တွေ ပိုပိုပုသွားတာလား
ပုစ္ဆာတချို.နဲ.ခန်.ညားရင်း
အရိပ်တွေထုထည်ကြီးမားလာပုံကို
ဂမ္ဘီရလိုလို
ဖွဖွလေးပုန်းကြည့်နေတက်ပြန်ရော။
အကောင်းကို
ကောင်းမှန်းသိပါတယ်
အဆိုးကို
ဆိုးမှန်းသိပါတယ်
သူ.အပြုံးကိုက ဟန်ပါပါရို.ရို.ကလေး။
( ပိတောက်ပွင့်သစ်၊ ဒီဇင်ဘာ၊ ၂၀၀၈ )
No comments:
Post a Comment