ကုန်းရုန်းထလိုက်
လဲပြိုအော်ညည်းလိုက်နဲ့
ကိုက်ဆွဲ ခါယမ်းလိုက်တိုင်း
သက်ငယ်ဇောငင် မျက်ဝန်းကျယ်
ကူကယ်ရာမဲ့နေတော့ရဲ့ ……
ခြင်္သေ့ခံတွင်းထဲက သွေးချင်းချင်းနီ ဒရယ်တစ်ကောင်။
ကဖေးဆိုင်ဖျော်ဖြေရေးဖန်သားရှေ့
အခန့်သင့်အဆာဖြည့်
ခံတွင်းတွေ့ မျက်ဝန်းတွေထဲမတော့
စိတ်အာလျအခါခါစွန်း
ရွှန်းဝင်းပြည့်မှည့်စိုလက်
ပြိုးပြိုးကိုပြက်လို့။
ခက်ဦး
( ၂၆၊ ၁၊ ၂၀၁၂ )

No comments:
Post a Comment