သံဝေဂနိဒါန်း
***********
ပြင်ဆင်ထားကြပေတော့
မုန်တိုင်းနံ့ရပြီ။
ငါ့ခံစားမှုတွေကလည်း
အညံ့စားပျက်လုံးတွေအောက်
ဒူးထောက်ရရုံဆိုရင်
ဘယ်နှစ်ခါပြန်ရှုံးရှုံး
မဆိတ်သုဉ်းတဲ့ခွန်အားတွေပဲ။
ပြင်ဆင်ထားကြပေတော့
မုန်တိုင်းနံ့ရပြီ။
ဖီးနစ်ငှက်က
မီးလျံထဲကထပျံခဲ့တယ်။
ပါရီကျဆုံးခန်းကို
ဆာလောင်ခဲ့ဘူးသူတွေပါပဲ
ပါရီရဲ့နှလုံးသားမှာမြှုပ်နှံခဲ့ရတယ်။
ဖြတ်ကနဲလက်ပြလိုက်ရုံနဲ့
လျပ်လက်တယ်ထင်တော့
လမ်းဖျက်တတ်တဲ့မိုးလို
ငြိုးစမ်း၊ ကြိုက်သလိုငြိုးလိုက်စမ်းပါ
ကိုယ်တိုင်ခိုင်မာသေချာရင်ပေါ့။
နိယာမတွေရှိတယ်
ဘယ်တော့မှ သတ်လို့မသေတဲ့အရာ။
မေ့မထားနဲ့
ကိုယ်ကိုယ်တိုင်စိုက်ပျိုးထားတဲ့အရာ။
မေ့မထားနဲ့
ကိုယ်ကိုယ်တိုင်ရိတ်သိမ်းရမယ်ဆိုတာ။
မေ့မထားနဲ့
ဘယ်တော့မှပြီးဆုံးမသွားတဲ့သံသရာ။
ပြင်ဆင်ထားကြပေတော့
မုန်တိုင်းနံ့ရပြီ။
ဒီသစ်
( ၁၁၊ ၁၁၊ ၂၀၁)