အောင်ဝေး
ကျွန်တော့်သားက မေးတယ်။
” ကြယ်တွေမှာ
နာမည်ရှိသလား ဖေဖေ ” တဲ့။
မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကို ငုံကြည်နေတယ်။
ကျွန်တော်က
ကြယ်တွေ တလက်လက်ထ
ရေစီးထဲ ငေးလို.။
”အေး…မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ ကြယ်တွေကျတော့
………………………….
……………………………
……………………………
အဲ့ဒီလို
ကြယ်တစ်လုံးချင်းစီရဲ. နာမည်
ကျွန်တော်ပြောပြ။
”ဖေဖေ ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ.ကြယ်လည်း
ရှိမှာပေါ့နော်”
ကျွန်တော့်သားကို ပြံးကြည့်
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျွန်တော်မျက်လုံးထဲမှာ
သူ.နာမည်နဲ. ကြယ်ကို ရှာတွေ.သွားတယ်။
သားက ဖအေထက်
ပိုပြီး တော်ရမယ် မဟုတ်လား။
ကျွန်တော်က သားကိုထမ်းလို.
ကျွန်တော်ကို မြစ်ကမ်းပါးက ထမ်းလို.
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း စီးတုန်းပါ။
ဖအေနဲ.သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း စီးဆင်းနေတုန်းပေါ့။ ။
( လရောင်တစ်ခြမ်း။ ။ အောင်ဝေ )
No comments:
Post a Comment