ငါးမျှားခြင်း
ကောင်းကင်ကြီးဟပ်မလားလို့
ကျနော့အဖေငါးမျှားထွက်ခဲ့တယ်
ကျနော့ကိုအစာအဖြစ်တပ်မျှား
ကောင်းကင်ကြီးဟပ်မလားပေါ့
ကျနော်က ပင်လယ်ဘက်ခရီးအပျော်လွန်သွား
ကျနော့အဖေမျှားမရခဲ့ဘူး။
ပင်လယ်ကြီးဟပ်မလားလို့
ကျနော်လည်းငါးမျှားထွက်ခဲ့တယ်
ကျနော့သားကိုအစာအဖြစ်တပ်မျှား
ပင်လယ်ကြီးဟပ်မလားပေါ့
ကျနော့သားက ကောင်းကင်နဲ့ပင်လယ်ကြား
ပေါလောမျောပါသွား
ကျနော်လည်းမျှားမရခဲ့ဘူးရယ်။
ဒီသစ်
ကောင်းပါတယ်
ReplyDeleteဒီကဗျာက ရုပ်ရှင်တေးကဗျာမှာပါပြီးသားပါ။
ReplyDeletehow pretty!
ReplyDelete