ငြိမ်းငြိမ်းချမ်းချမ်း
ကဗျာနှင့်အတွေးများ
Friday, February 20, 2015
Monday, January 13, 2014
သံဝေဂနိဒါန်း
သံဝေဂနိဒါန်း
***********
ပြင်ဆင်ထားကြပေတော့
မုန်တိုင်းနံ့ရပြီ။
ငါ့ခံစားမှုတွေကလည်း
အညံ့စားပျက်လုံးတွေအောက်
ဒူးထောက်ရရုံဆိုရင်
ဘယ်နှစ်ခါပြန်ရှုံးရှုံး
မဆိတ်သုဉ်းတဲ့ခွန်အားတွေပဲ။
ပြင်ဆင်ထားကြပေတော့
မုန်တိုင်းနံ့ရပြီ။
ဖီးနစ်ငှက်က
မီးလျံထဲကထပျံခဲ့တယ်။
ပါရီကျဆုံးခန်းကို
ဆာလောင်ခဲ့ဘူးသူတွေပါပဲ
ပါရီရဲ့နှလုံးသားမှာမြှုပ်နှံခဲ့ရတယ်။
ဖြတ်ကနဲလက်ပြလိုက်ရုံနဲ့
လျပ်လက်တယ်ထင်တော့
လမ်းဖျက်တတ်တဲ့မိုးလို
ငြိုးစမ်း၊ ကြိုက်သလိုငြိုးလိုက်စမ်းပါ
ကိုယ်တိုင်ခိုင်မာသေချာရင်ပေါ့။
နိယာမတွေရှိတယ်
ဘယ်တော့မှ သတ်လို့မသေတဲ့အရာ။
မေ့မထားနဲ့
ကိုယ်ကိုယ်တိုင်စိုက်ပျိုးထားတဲ့အရာ။
မေ့မထားနဲ့
ကိုယ်ကိုယ်တိုင်ရိတ်သိမ်းရမယ်ဆိုတာ။
မေ့မထားနဲ့
ဘယ်တော့မှပြီးဆုံးမသွားတဲ့သံသရာ။
ပြင်ဆင်ထားကြပေတော့
မုန်တိုင်းနံ့ရပြီ။
ဒီသစ်
( ၁၁၊ ၁၁၊ ၂၀၁)
Saturday, September 14, 2013
တစ်မှေးအနိုး
တစ်မှေးအနိုး
ငါ့ပျိုးခင်းကို
ဘယ်သူမှမနင်းရ။
ငါ့ပျိုးခင်းကို
ဘယ်သူမှမနင်းပါနဲ့။
ကျနော့ပျိုးခင်းလေးကို
ဘယ်သူမှမနင်းစေချင်။
ကျနော့ပျိုးခင်းလေးကို
ဘယ်သူမှမနင်းကြပါနဲ့ဗျာ။
တောက် ...........
င့ါယဉ်ကျေးတတ်သမျှတွေ
ငါ့ဘာသာငါ အတင်းဖက်ထားရ
ငါ့ရင်ဘတ်ကြီး ကြွကြွလာပြီ။
ဒီသစ်
ငါ့ပျိုးခင်းကို
ဘယ်သူမှမနင်းရ။
ငါ့ပျိုးခင်းကို
ဘယ်သူမှမနင်းပါနဲ့။
ကျနော့ပျိုးခင်းလေးကို
ဘယ်သူမှမနင်းစေချင်။
ကျနော့ပျိုးခင်းလေးကို
ဘယ်သူမှမနင်းကြပါနဲ့ဗျာ။
တောက် ...........
င့ါယဉ်ကျေးတတ်သမျှတွေ
ငါ့ဘာသာငါ အတင်းဖက်ထားရ
ငါ့ရင်ဘတ်ကြီး ကြွကြွလာပြီ။
ဒီသစ်
Thursday, March 28, 2013
IF
If
if there was no Yesterday,
if there's no Tomorrow,
it never becomes Today.
DThit
(13th Mar,2013)
if there was no Yesterday,
if there's no Tomorrow,
it never becomes Today.
DThit
(13th Mar,2013)
The O
The O (The Circle)
As long as it has been early,
it's not early now.
What has been late
has been late.
All over my mind
they are web.
Some keep on
being lucky,
me ......... on a stool.
DThit
(9.3 2013)
As long as it has been early,
it's not early now.
What has been late
has been late.
All over my mind
they are web.
Some keep on
being lucky,
me ......... on a stool.
DThit
(9.3 2013)
Tuesday, October 23, 2012
ခေါင်းစည်းမဲ့မဲ့
နှင်းဆီတစ်ပွင့် ပစ်ထည့်လိုက်
ယုန်တစ်ကောင် ဆွဲထုတ်ပြလိုက်
အဲသည်လိုမျိုး မှော်သေတ္တာ
ရှိတယ်
ငါ့မျက်လုံးအိမ်ထဲရှိခဲ့တယ်။
မောင်နီမွန်
--------------------------
UNTITLED
Throw a rose into!
Pull a rabbit out!
Like this magic box
Yes!
it surely was in my eyes.
Maung NI Mon
( translated By Khet Oo )
Saturday, October 20, 2012
မေးခွန်း
ဒီသစ်
လောဘကို
တိမ်းဆုတ်အပြ
သဘာဝတရားကြီးက
လူသားဆိုတဲ့နာမ
( တောရိုင်းသတ္တဝါတွေထဲက )
အကန့်ခြားလိုက်ရတယ်။
ဒေါသကို
ထိန်းချုပ်အပြ
သဘာဝတရားကြီးက
လူသားဆိုတဲ့နာမ
( တောရိုင်းသတ္တဝါတွေထဲက )
အကန့်ခြားလိုက်ရတယ်။
မောဟကို
သိမ်းနှုတ်အပြ
သဘာဝတရားကြီးက
လူသားဆိုတဲ့နာမ
( တောရိုင်းသတ္တဝါတွေထဲက )
အကန့်ခြားလိုက်ရတယ်။
နတ်ဘုရားတို့ရဲ့
အလိုဆန္ဒနဲ့ကိုက်ညီသည်ဖြစ်စေ
မကိုက်ညီသည်ဖြစ်စေ
လူ့ယဉ်ကျေးမှုဗဟုထုထည်အညွန့်အဖူးဟာ
တလွန့်လွန့်တလူးလူးနဲ့
တစ်တောဝင်၊ တစ်တောင်တက်
ဖြစ်ပျက်…ပျက် …ပျက်သံသရာဆက်ခဲ့။
တောအထွက်
တောင်အဆင်း
ယဉ်ကျေးခြင်းခေတ် စ၊ လယ်၊ လွန်၊ ကျော်
ဘယ်ကို ဆက်လှော်ကြမတုံးဆိုတာ… ။
( ရွှေလက်ဆင့်မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၁၀ )
Subscribe to:
Posts (Atom)